မိဘကျေးဇူးဆပ်ကြစို့
-------------------------------
မိဘကျေးဇူး၊
မြင့်မိုရ်ဦး၊ အထူးသိတတ်စေ။
ကိုးလလွယ်မွေး၊
ကာကွယ်ပေးသည့်
မိဘကျေးဇူး
ဂုဏ်ရည်ထူး
အထူးဆပ်နိုင်စေ။
ကျေးဇူးဆပ်ရန်
နည်းနှစ်တန်
အမှန်ဆပ်ပါလေ။
အစာလည်းကျွေး၊
တရားပေး
အမှားနည်းအောင်
ကြိုးစားလေ။
အစားမရှိငြား၊
မိဘများ
အစားရှိအောင်
ထောက်ပါလေ။
တရားမရှိငြား၊
မိဘများ
တရားရှိအာင်
စောင့်ပါလေ။
မသေခင်လေး
ပြုစုပေး
သေရေးအေးအောင်
လုပ်ပါလေ။
ကျေးဇူးဆပ်နည်း
ဤနှစ်နည်း
တရားနည်းက
မြတ်လှပေ။
တရားလည်းသိ၊
အစားရှိ
အားရှိလှသည့်
မိဘပေ။
မိဘကျေးဇူး၊
မြင့်မိုရ်ဦး၊ အထူးဆပ်ပါလေ။ ။
မနာပဒါယီဆရာတော်
အရှင်ဝိစိတ္တ
(ဘဝအစာ ဓမ္မကဗျာများ
မှ)
bwar99.blogspot.com
No comments:
Post a Comment