ဒါလည်းပြီးသွားမှာပါ
------------------------------
♦ ပုထုဇဉ်တွေဆိုတော့ အဆိုးလောကဓံကို
ဘယ်သူမှ မကြုံချင်ကြပါဘူး။
ဒီတော့ ကြုံလာရင်
စိတ်ညစ်မယ်။
ပုထုဇဉ်ပဲ
ညစ်ပေါ့။
တစ်နေရာမှာ
သေချာထိုင်တဲ့ပြီး၊
ဒါမှမဟုတ်
ခုတင်ပေါ် သေချာလှဲတဲ့ပြီး
အချိန်လေးလည်း
သီးသန့်ယူပြီး
အားရပါးရကျေနပ်အောင်
စိတ်ကိုညစ်ပစ်လိုက်ပါ။
ကိုယ့်စိတ်တိုင်းကျ
စိတ်ညစ်ပြီးရင်တော့
ကိုယ်လုပ်စရာလေးတွေ
ဆက်လုပ်ဖို့ပါပဲ။
♦ စိတ်ညစ်စရာလည်း ညစ်၊
တစ်နေ့တာ
ကိုယ်လုပ်စရာ ရှိတာလည်း လုပ်ပေါ့။
အဓိကတော့
စိတ်ညစ်စရာရှိပေမယ့်
တစ်နေ့တာ
ကိုယ့်လုပ်ရမယ့် အလုပ်တွေ
ပျက်မသွားဖို့ဘဲ
အရေးကြီးပါတယ်။
စိတ်ညစ်တဲ့အခါ
အဲဒါ အရေးကြီးဆုံးပါပဲ။
♦ ဘဝမှာ
ဘယ်လောက်ပဲ
အဆိုးလောကဓံတွေနဲ့ပဲ ကြုံရ ကြုံရ၊
ဘယ်လောက်ပဲ
အကောင်းလောကဓံတွေနဲ့ပဲ ကြုံရ ကြုံရ၊
တစ်ချိန်ချိန်ကျရင်
`ဒါလည်းပြီးသွားမှာပါ` ပဲလေ။
ဓမ္မရဝေတောရဆရာတော်
အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
bwar99.blogspot.com
No comments:
Post a Comment