အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, August 10, 2017

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



     မျှဝေခြင်း
------------------

♦ မျှဝေခြင်းဆိုတဲ့ စကားလုံးလေးဟာ
အင်မတန် နှစ်သက်မြတ်နိုးဖွယ် ကောင်းပါတယ်။
ဒီစကားလုံးလေးကို မြင်လိုက်တာနဲ့၊ ရွတ်ဆိုလိုက်တာနဲ့
စိတ်ဟာ ပြေလျော့သွားတယ်လို့ ခံစားရတယ်။
စိတ်ကြည်လင်သွားတယ်၊ စိတ်အေးချမ်းသွားတယ်ဆိုတာထက်
ပြေလျော့သွားတယ်လို့ စိတ်ထဲမှာ ခံစားရပါတယ်။
ခန္ဓာကိုယ်မှာ အကြောတွေတင်းနေတာကို
အကြောကျွမ်းကျင်သူက ပြုပြင်ပေးလိုက်တဲ့အခါ
အကြောလေး ပြေလျော့သွားသလို
မျှဝေခြင်းဆိုတဲ့ စကားလုံးလေးဟာလည်း
စိတ်ရဲ့အကြောတွေကို ပြေလျော့သွားစေတယ်။

♦ ငါ့ အတွက်၊ ငါ့ မိသားစုအတွက်
ငါ့ ဆွေမျိုးအတွက် ဆိုပြီး
ကိုယ့်အတွက်ပဲ အမြဲတမ်းကြည့်နေမယ်ဆိုရင်
စိတ်အကြောတွေဟာ တင်းနေမှာပဲ။
အဲဒီလို တင်းနေတဲ့ စိတ်အကြောတွေကို
ပြုပြင်လိုက်ခြင်းဖြင့် ပြေလျော့သွားမှာ ဖြစ်ပါတယ်။
မျှဝေခြင်းဆိုတဲ့ စကားလုံးလေးသုံးလုံးက
စိတ်ကို ဖြေလျော့ပေးနိုင်ပါတယ်။

♦ ငါ့ အတွက်၊ ငါ့ မိသားစုအတွက်၊
ငါ့ ဆွေမျိုးတွေအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
စီးပွားဥစ္စာ ရာထူးဌာနန္တရတွေ ရှာဖွေနေတာဟာ
လက်သီးဆုပ်ထားတာနဲ့ အတူတူပဲ။
နယ်ပယ်ကျဉ်းကျဉ်းလေးကိုပဲ ကြည့်ပြီးတော့
ရသမျှကို သိမ်းပိုက်ထား၊ ဆုပ်ကိုင်ထားတဲ့သဘောပါ၊
မျှဝေခြင်းဆိုတာကတော့
ဆုပ်ထားတဲ့ လက်ကလေးကို ဖြန့်လိုက်တာပါပဲ။
မိမိတို့ ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာ၊ အသိဉာဏ်ပညာ၊
ရာထူး ဌာနန္တရနဲ့ သက်ဆိုင်တဲ့ အရှိန်အဝါသြဇာတွေကို
အများ ကောင်းကျိုးအတွက် အသုံးချလိုက်တာဟာ
လက်ကို ဖြန့်လိုက်တာပါ။

♦ အများကောင်းကျိုး လုပ်နေသလို
ကိုယ့်အတွက် ပြည့်စုံအောင်လည်း
ကြိုးစားရမှာ ဖြစ်ပါတယ်။
အမြဲတမ်း လက်ကို ဖြန့်ထားဖို့ မဆိုလိုပါဘူး။
ကိုယ့်ရှိတဲ့ ဥစ္စာ၊ ပစ္စည်း၊ ရာထူးဌာန၊
အသိဉာဏ်ပညာစတဲ့ ပိုင်ဆိုင်မှုတွေကိုလည်းပဲ
အခြေအနေအချိန်အခါနဲ့ လိုက်လျောညီထွေစွာ
သူတစ်ပါးရဲ့ လိုအပ်ချက်နဲ့ လိုက်လျောညီထွေစွာ
မျှဝေပေးဖို့ လိုအပ်ပါတယ်။


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(စံတော်ချိန် သတင်းစာ)

bwar99.blogspot.com

No comments:

Post a Comment