အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, February 1, 2017

သီတဂူဆရာတော်ဘုရားကြီး

     စိတ်ဓာတ်၏အားဆေးများ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

အထွတ်အထိပ်ရောက်
အောင်မြင်သူတို့၏ ဘဝခရီးသည်
ပန်းခင်းသော လမ်းကိုချည်း လျှောက်ရလိမ့်မည်
လျှောက်ခဲ့ရသည် မဟုတ်ပေ။
ဆူးခင်းသောလမ်းမျိုးကိုလည်း လျှောက်ရပေလိမ့်မည်။
ရေစုန် လေစုန်မှာ တက်ကုန် ရွက်ကုန်ဖွင့်၍
လှော်ရသည့် ခရီးမျိုးချည်းလည်း မဖြစ်နိုင်ပေ။
ရံခါ ရေဆန် လေဆန်မှာ ခြေကန်၍ လှော်ခတ်
ချီတက်ခဲ့ရသည့် ခရီးများလည်း ရှိပေမည်။
`အာသီသေထေဝ ပုရိသော နနိဗ္ဗိန္ဒေယျ ပဏ္ဍိတော`
`ပညာရှိဟူသည် ကိုယ့်အလုပ်ကို မငြီးငွေ့ပါနှင့်၊
နောက်ဆုတ်မည် မတွေးကြံပါနှင့်၊
ဆန္ဒကိုပြင်းစွာထား၊ ဝီရိယနှင့်ရဲရဲလုပ်`
ဤကဲ့သို့သော မြတ်ဗုဒ္ဓ မိန့်ခွန်းတော်များ၏
ကြီးကျယ်သော အောင်မြင်မှုကို မျှော်မှန်းသူတို့အတွက်
စိတ်ဓာတ်ကို အားပေးသည့် ရဲဆေးများ ဖြစ်ကြကုန်၏။
`များများလုပ်၊ မြန်မြန်လုပ်၊ မရပ်မနားလုပ်၊
ရိုရိုသေသေလုပ်၊ မပျင်းမရိလုပ်` ဟူသော
ဗောဓိသတ္တစရိယများသည်လည်း ဘဝတိုက်ပွဲကို
ရဲရင့်စွာဆင်နွှဲဖို့ စိတ်ဓာတ်၏အားဆေးများ
ဘဝလမ်းညွှန်များ ဖြစ်ကြပါသည်။


သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်ဉာဏိဿရ
(ရှေ့သို့တွန်းပို့ခြင်း စာအုပ်မှ)

bwar99.blogspot.com

No comments:

Post a Comment