အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, February 21, 2017

မေတ္တာစစ်နဲ့ ချစ်တဲ့သူ

    မေတ္တာစစ်နဲ့ ချစ်တဲ့-သူ
♥♥♥♥♥♥♥♥♥♥♥♥♥

မေတ္တာချစ်က ... သူပျော်ဖို့
တဏှာချစ်က ... ကိုယ်ပျော်ဖို့

ကိုယ့်အတွက် ရယူလိုက်တဲ့
ပျော်ရွှင်ခြင်းတွေဟာ ...
ဘဝရဲ့ ခမ်းနားခြင်း၊ လှပခြင်း၊
ကျော်ကြားခြင်းတွေလိုပဲ ...
ရေရှည်တည်မြဲမှုမရှိဘဲ ခဏနဲ့ပဲ
ပျောက်ကွယ်သွားလိမ့်မယ်။

သူပျော်ဖို့အတွက် ပေးဆပ်လိုက်တဲ့
ပျော်ရွှင်ခြင်းတွေက ... ရုပ်ဝတ္တုတွေ
ကုန်ဆုံး ပျောက်ကွယ်သွားသည့်တိုင်
အချိန်အတိုင်းအတာတစ်ခုထိ
ကြာမြင့်စွာ တည်ရှိနေပါလိမ့်မယ်။

ကိုယ်ပျော်ပျော် ... မပျော်ပျော် ...
သူပျော်ပါစေလို့ ...
စိတ်ထားနိုင်တဲ့ သူကမှ
တကယ် မေတ္တာစစ်နဲ့
ချစ်တဲ့ သူပါ ...။


အရှင်တေဇာနန္ဒ (စေတနာပန်းခင်းဆရာတော်)

bwar99.blogspot.com

No comments:

Post a Comment