အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Wednesday, November 2, 2016

လောကမှာ မပြစ်မှားကောင်းတဲ့ပုဂ္ဂိုလ်တွေ

လောကမှာ မပြစ်မှားကောင်းတဲ့ပုဂ္ဂိုလ်တွေ

လောကမှာ မပြစ်မှားကောင်း၊
မစော်ကားကောင်းတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။
အဲဒီမှာ အဖေနဲ့ အမေလည်း ပါတယ်။
တချို့သားသမီးတွေများ မိဘကျေးဇူးကို
မသိတတ်ရုံတင် မဟုတ်ဘူး။
မိဘကို စော်ကားကြသေးတယ်။
ပြစ်မှားတယ်၊ စော်ကားတယ်ဆိုတာ
စကားအနေနဲ့သာ ရိုင်းတာပါ။
အဖေ၊ အမေတို့ လုပ်စေချင်တာ မလုပ်တာ၊
မလုပ်စေချင်တာ လုပ်တာ။
အဖေ၊ အမေ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင်
ပြုမှုတာတွေဟာ ပြစ်မှားစော်ကားတာတွေပါပဲ။

မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ
(အမွေခံထိုက်သူဖြစ်ပါစေ စာအုပ်မှ)
(စံတော်ချိန် သတင်းစာ)

bwar99.blogspot.com

No comments:

Post a Comment