အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Saturday, March 18, 2017

သီတဂူဆရာတော်ဘုရားကြီး


     ဗုဒ္ဓဘာသာ ဆိုတာ
♦♦♦♦♦♦♦♦♦♦♦♦♦♦

ဗုဒ္ဓဘာသာဆိုတာ
ယုံကြည်မှုနှင့် အသိဉာဏ်
ပေါင်းစပ်ပြီးတော့
ကျင့်ရတဲ့တရား။

ယုံကြည်မှုနဲ့ အသိဉာဏ်
ပေါင်းစပ်ပြီး ကျင့်တော့
မိမိရဲ့နှလုံးသားထဲက
ယုတ်မာတဲ့ ကိလေသာတွေ
အကုန်လုံးရှင်းသွားတယ်။
အဲဒီယုတ်ညံ့တဲ့ ကိလေသာတွေ
ရှင်းသွားတဲ့အခါ ချမ်းသာသုခကို
တကယ်ရတာပါပဲ။

`မိမိရဲ့ ယုတ်ညံ့မှုတွေကို
မိမိကိုယ်တိုင် သန့်ရှင်းအောင်
လုပ်ရပါတယ်။
မိမိစိတ်ဓာတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို
မိမိကိုယ်တိုင်ကြိုးစား ယူရပါတယ်။
အလွန်တန်ခိုးထက်မြက်တဲ့
စိတ်စေတသိက်တို့ကို
အသုံးချကျင့်ရတာဟာ
ဗုဒ္ဓဘာသာပဲ`


သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်ဉာဏိဿရ

bwar99.blogspot.com

No comments:

Post a Comment