အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Saturday, March 11, 2017

သီတဂူဆရာတော်ဘုရားကြီး


     လူဆိုတဲ့ အဓိပ္ပါယ်
♦♦♦♦♦♦♦♦♦♦♦♦

လူရဲ့ အဓိပ္ပါယ်က ဘာလဲ ။
`အသိရှိလို့ သတ္တဝါမျိုးကို လူလို့ ခေါ်ပါတယ်`
၁။ သကတ္ထနဲ့ ပရတ္ထကို သိတာ လူဖြစ်တယ်။
   မိမိအကျိုး၊ သူတစ်ပါးအကျိုး ဒီ နှစ်မျိုးကို
   သိတာဟာ လူပါပဲ။
၂။ အတ္တနဲ့ အနတ္တကို သိတာလည်း လူပဲ ဖြစ်ပါတယ်။
   ဒါကတော့ အကျိုးရှိတယ်။ ဒါကတော့ အကျိုးမဲ့ဖြစ်တယ်။
   ဒီလို ခွဲခြားတတ်သူကို လူလို့ ခေါ်ရပါတယ်။
၃။ ပုညနဲ့ ပါပကို သိတာ လူ။
   ကောင်းမှုနဲ့ မကောင်းမှု၊ ကုသိုလ်နဲ့ အကုသိုလ်
   ဒါတွေကို ခွဲခြားစိတ်ဖြာပြီး သိတတ်တဲ့
   အသိဉာဏ်ရှိရင် အဲဒါ လူဖြစ်တယ်။
၎။ ကာရဏနဲ့ ဖလကို သိသူဟာ လူဖြစ်တယ်။
   အကြောင်းနဲ့ အကျိုးကို သိတာကို ခေါ်တာပါ။

အဲဒီလို ...
၁။ မိမိအကျိုးနဲ့ သူတစ်ပါးအကျိုး၊
၂။ အကျိုးရှိနဲ့ အကျိုးမဲ့၊
၃။ ကောင်းမှုနဲ့ မကောင်းမှု၊
၎။ အကြောင်းနဲ့ အကျိုး။
ဒီ အစုံအစုံသော တရား လေးမျိုးကို  သိတတ်တဲ့အတွက်ကြောင့်
`လူ` လို့ ခေါ်ရပါတယ်။
ဒါဟာ `လူ` ဆိုတဲ့ သတ္တဝါရဲ့ အဓိပ္ပါယ်ပဲ။
အဲဒီလောက်မှ မသိတတ်ရင် အသိဉာဏ်မရှိရင်
အဲဒီသူမှာ လူ့ဘဝအဓိပ္ပါယ် မပြည့်စုံနိုင်ဘူး။

သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်ဉာဏိဿရ
(မမေ့တတ်သူမှ မမေ့အပ်သူသို့ တရားတော်မှ)

bwar99.blogspot.com

No comments:

Post a Comment