အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Monday, March 13, 2017

ဆရာတော်ကြီးများ မွေးနေ့အမှတ်တရ

🙏🏻 ဆရာတော်ကြီးနှစ်ပါး ကျန်းမာချမ်းသာပါစေကြောင်း လက်ဆယ်ဖြာ ထိပ်မှာမိုး ဆုတောင်းမေတ္တာပို့သလိုက်ပါသည် 🙏🏻

လောကကြီးတစ်ခုလုံးရဲ့ အနှစ်သာရ
************************

     မဂ္ဂင်တရားရှစ်ပါးမှာ အစကနဦး
     မဂ္ဂင်ဟာ ဘာလဲ? (သမ္မာဒိဋ္ဌိ)။
     အဲဒါ ပညာပဲ။
     ပညာဟာ အရေးကြီးတယ်။
     သီလ ဘယ်လောက်ကောင်းစေကာမူ
     ပညာမတတ်ရင်
     ``အကျင့်ကောင်း လူအကြီး´´
     ဖြစ်သွားမယ်။
     ပညာတွေ သိပ်တတ်ပြီးတော့
     အကျင့်မကောင်းရင်
     ``ပညာတတ် လူမိုက်´´။
     သူလဲ ကြောက်ဖို့ကောင်းတယ်။
     ဒီနှစ်ခု ဟန်ချက်ညီဖို့တော့ လိုပြီ။

     `ဘယ်နေရာမျိုးမှာမဆို
     ပညာလဲ တတ်ဖို့လိုတယ်။
     အကျင့်လဲ ကောင်းဖို့လိုမယ်။
     သီလနဲ့ ပညာ ဒီနှစ်ခုဟာ
     လူ့လောကကြီးတစ်ခုလုံးရဲ့
     အနှစ်သာရပဲ။´

     သီတဂူ ဆရာတော်ဘုရားကြီး
     ဒေါက်တာ အရှင်ဉာဏိဿရ

     🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻

မုန်းတုံ့ဖြေပါ
**************

            မြတ်ဗုဒ္ဓက မုန်းတုံ့ဖြေနည်းကို ဤသို့ သွင်သင်ပြသ ဆုံးမတော်မူခဲ့သည်။ ``မိမိမုန်းသည့် ပုဂ္ဂိုလ်အပေါ် မေတ္တာပွားခြင်း ကရုဏာထားခြင်း ဥပေဏ္ခာပြုခြင်း မေ့ပျောက်ပစ်ခြင်း ကံပိုင်ရှင်သဘောကို အခိုင်အမာ ဆွဲကိုင်ထားခြင်းဖြင့် ဖြစ်ပေါ်လာသော မုန်းစိတ်ကို အကြွင်းမဲ့ ပယ်ဖျောက်ပေးရမည်´´ ဟူ၏။
           
   လူတိုင်း လူတိုင်း ဤ မုန်းတုံ့ကိုဖယ် မေတ္တာတုံ့လှယ်ကြမှသာလျှင် သာယာပျော်ရွှင်ဖွယ် ကောင်းသောဘဝကို ကြုံတွေ့နိုင်ပေသည်။ လူအချင်းချင်းလည်းကောင်း လူမျိုးအချင်းချင်းလည်းကောင်း နိုင်ငံအချင်းချင်းလည်းကောင်း မုန်းတုံ့ပယ်လှန် မေတ္တာတုံ့ပြန် ကြမှသာလျှင် ကမ္ဘာကြီး ထာဝရ ငြိမ်းချမ်းသာယာနိုင်ပေမည်။
       
   လူမျိုးအချင်းချင်း မုန်းစိတ်ပွားကာ အတောမသတ် အရက်စက်ဆုံး အကြမ်းကြုတ်ဆုံး ဆင်နွဲနေကြသော လူသတ်ပွဲကြီးများလည်း အကန့်အသတ်မရှိ ရပ်နားသွားကြပေလိမ့်မည်။ အမြောက်သံ ဗုံးသံတိတ် မေတ္တာပို့သံတွေ တစ်ကမ္ဘာလုံး ညံလာပေလိမ့်မည်။ ယမ်းခိုးယမ်းနံတွေကင်းရှင်း၍ မေတ္တာရနံ့တွေ ကြိုင်သင်းလာပေလိမ့်မည်။ သို့ကြောင့်မို့ ရရှိလာသော ဘဝလည်း တန်ဖိုးရှိလေအောင် ကမ္ဘာကြီး ငြိမ်းချမ်းလေအောင် မေတ္တာတုံ့ဝေ မုန်းတုံ့ ဖြေကြပါဟု အထပ်ထပ် ပြောချင်ပါသတည်း။

   ပါမောက္ခချုပ်ဆရာတော်

        ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

     🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻

     bwar99.blogspot.com

No comments:

Post a Comment