အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, January 19, 2017

ကောင်းကွက်ကိုယ်စီ ရှိကြသည်

     ကောင်းကွက်ကိုယ်စီ ရှိကြသည်
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

လူတိုင်းလူတိုင်းမှာ
ကောင်းကွက်ကိုယ်စီ ရှိကြပါသည်။
ပေါင်းသင်းဆက်ဆံကြသည့် နေရာမှာလည်း
ကိုယ့်အလိုကျတော့ ဖြစ်မည်မဟုတ်။
ကိုယ့်စိတ်တိုင်းကျတော့ ဖြစ်မည်မဟုတ်။
မတူတာတွေခွဲ၊ တူတာတွေတွဲပြီး
အလုပ်လုပ်လို့ အလုပ်ဖြစ်လျှင်
ကျေနပ်ရတော့မည်။
သို့ဆိုလျှင် …. အဆင်ပြေပါသည်၊ ချမ်းသာပါသည်။

လူတိုင်းလူတိုင်းမှာ
ကောင်းကွက်ကိုယ်စီ ရှိကြပါသည်။
ထိုကောင်းကွက်ကလေးကို ရှာကြံရွေးချယ်ပြီး
ကျေနပ်လက်ခံ၍ အလုပ်လုပ်လျှင်
အလုပ်ဖြစ်ပါလိမ့်မည်။
မေတ္တာဟူသည်
မိမိနှင့် ထိတွေ့ဆက်ဆံရသော
သူတစ်ပါး၏ ကောင်းကွက်ကို
ရှာဖွေတွေ့ရှိ၍ ထိုကောင်းကွက်ကလေးကိုပဲ
ကျေနပ်စွာဖြင့် နေတတ်လာခြင်းပင်ဖြစ်သည်။


အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
(စကားလက်ဆောင် တရားလက်ဆောင် မှ)


bwar99.blogspot.com

No comments:

Post a Comment