အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Friday, January 13, 2017

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ကိုယ့်ဘဝ ကိုယ်ပုံဖော်
♠♠♠♠♠♠♠♠♠♠♠♠♠

လူတိုင်းလူတိုင်းဟာ ကိုယ့်ဘဝကိုယ်
ပုံဖော်နေတာသာဖြစ်တယ်။
ကိုယ်ဖော်တဲ့ပုံအတိုင်း သို့မဟုတ်
ကိုယ်ရေးတဲ့ ပန်းချီရုပ်အတိုင်းပဲ
ဘဝမှာ ထင်ဟပ်နေတယ်။
ဒါကို သတိထားပြီး သိတတ်တဲ့ဘဝမှာ
ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင်
ကြိုးစားကြဖို့ အရေးကြီးဆုံးပါ။
လူတိုင်းလူတိုင်းဟာ
"အတ္တာဟိ အတ္တနော နာထော" လို့ဆိုတဲ့
ဗုဒ္ဓရဲ့ တရားတော်အတိုင်း ကိုယ့်အားကိုယ်ကိုးပြီး
ကိုယ့်ဘဝကိုယ်ဖန်းတီးကြရမှာ ဖြစ်တယ်။
ဒီလိုဖန်တီးတဲ့အခါမှာ
ဆရားကောင်း သမားကောင်းရဲ့ အကူအညီ၊
မိတ်ကောင်း ဆွေကောင်းတို့ရဲ့ အကူအညီ၊
မှန်ကန်တဲ့ တရားဓမ္မ အကူအညီဟာ လိုအပ်ပါတယ်။
မိတ်ကောင်း ဆွေကောင်းတွေဆီက
အကြံအဉာဏ်၊ တရားဓမ္မအသံတွေ၊
မှန်ကန်တဲ့ လမ်းကြောင်း
မှန်ကန်တဲ့ အတွေးအခေါ်တွေရဖို့
ကြိုးစားကြရမှာ ဖြစ်တယ်။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား စာအုပ်မှ)

bwar99.blogspot.com

No comments:

Post a Comment