အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Sunday, January 1, 2017

ဆရာတော် ဒေါက်တာအရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

     နှစ်ဟောင်း နှစ်သစ်
☻☻☻☻☻☻☻☻☻☻☻☻☻☻

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကာလ၊
နှစ်ဟောင်းကနေ နှစ်သစ်ကို
ကူးပြောင်းခွင့်ရတာဟာ
နှစ်ဟောင်းမှာ ငါမသေခဲ့လို့ပဲ၊
နှစ်ဟောင်းမှာ မသေခဲ့ပေမယ့်
နှစ်သစ်ကိုရောက်တာနဲ့
ငါ့အသက် တစ်နှစ်ကြီးလာပြီ၊
သေဖို့ တစ်နှစ်ပိုနီးလာပြီ။
နှစ်သစ်ရဲ့ ရက်စွဲ တစ်ခုခုမှာ
ငါသေချင် သေသွားနိုင်တယ်။
နှစ်ဟောင်းမှာ သေခြင်းတရားကို
လွန်မြောက်ခဲ့ပေမယ့်
နှစ်သစ်မှာ လွန်မြောက်ချင်မှ
လွန်မြောက်မယ်။
အဲဒီလို သေခြင်းတရားနဲ့
ပတ်သက်ပြီးတော့လည်း
ဆင်ခြင်သုံးသပ်ရပါမယ်။
ခုလို နှစ်ဟောင်းကုန်ကျူး
နှစ်သစ်ကူးတော့မယ့် အချိန်ကာလမှာ
ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့
သေခြင်းတရားကိုလည်း
သတိရဖို့ လိုအပ်ပါတယ်။
မသေခင် လုပ်ပိုင်ခွင့်ရှိတဲ့ ကာလလေးမှာ
ဘာအလုပ်တွေ လုပ်မယ်၊
ဘာအလုပ်တွေ ဦးစားပေးမယ်ဆိုတာကိုလည်း
ကြိုတင်စီမံကိန်း ချထားရပါမယ်။
တချို့အလုပ်တွေဆိုရင်
မလုပ်မဖြစ် လုပ်မယ်လို့ကို
အဓိဋ္ဌာန် ဆောက်တည် ထားရပါမယ်။
မသေခင် အချိန်ပိုင်းလေးမှာ
အလုပ်သင့်အလုပ်ထိုက်ဆုံး
အလုပ်တွေကို ဖြစ်အောင် လုပ်ကြဖို့ပါပဲ။


ဆရာတော် ဒေါက်တာအရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)


bwar99.blogspot.com

No comments:

Post a Comment