အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, January 12, 2017

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

     မိမိစိတ်ကို ထိန်းသိမ်းနည်း
♣♣♣♣♣♣♣♣♣♣♣♣♣

ပထမအချက်အနေနဲ့ ကိုယ့်အပေါ်မှာ
မကောင်းသတင်းပြောတဲ့အခါမှာ
မိမိစိတ်ကို ပြောင်းလဲမသွားအောင်၊
စိတ်ကို မဆိုးအောင် ထိန်းလိုက်ပါ။
တကယ်လို့ စိတ်ဆိုးမိပြီဆိုရင်လည်း
ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့
မတုံ့ပြန်မိပါစေနဲ့။
အဲဒီလိုပြောလာတဲ့သူအပေါ်မှာ
ကောင်းကျိုးကိုလိုလားတဲ့
မေတ္တာစိတ်ကလေး မွေးလိုက်ပါ။
နောက်ဆုံးမှာ မေတ္တာပွားများပေးပါ။
နောက်တစ်ခု အဲဒီလူအပေါ်ကနေ
မေတ္တာစိတ်ကလေး ထားနေရာကနေ
ပိုပြီး ကျယ်ပြန့်တဲ့မေတ္တာနဲ့
သတ္တဝါအားလုံးအပေါ်မှာ မေတ္တာဖြန့်ကြဲလိုက်ပါ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

(စကားလက်ဆောင် တရားလက်ဆောင် မှ)


bwar99.blogspot.com

No comments:

Post a Comment