အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Tuesday, November 8, 2016

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

          ဘာကိုကြည့်ပြီး လူကောင်းလူဆိုး သတ်မှတ်မလဲ?


မြတ်စွာဘုရားက “လူ့ရဲ့အဆင့်အတန်း၊
လူဆိုးလူကောင်း၊ လူမိုက်လူလိမ္မာ ခွဲခြားတဲ့နေရာမှာ
မိဘမျိုးရိုးဇာတ်နဲ့ မဆိုင်ဘူး။ သူလုပ်တဲ့
အလုပ်ကိုကြည့်ပြီး ခွဲရမယ်” တဲ့။
န ဇစ္စာ ဝသလော ဟောတိ၊ နဇစ္စာ ဟောတိ ဗြာဟ္မဏော=
လူယုတ်မာဆိုတာ ဇာတ်နဲ့ မဆိုင်ဘူး။ မျိုးရိုးနဲ့ မဆိုင်ဘူး။
လူတော်လူကောင်းဆိုတာလည်း မျိုးရိုးနဲ့ မဆိုင်ဘူး။
ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြာဟ္မဏာ=
သူလုပ်တဲ့ အလုပ်ကိုကြည့်ပြီးတော့ ဒီပုဂ္ဂိုလ်ဟာ
လူကောင်းလား လူဆိုးလားဆိုတာ သတ်မှတ်ရတယ်။
ဘယ်လောက် ယထာဘူတကျသလဲ၊ မြတ်စွာဘုရားက
“ကောင်းတဲ့အလုပ်ကို လုပ်တဲ့ပုဂ္ဂိုလ်ဟာ လူကောင်း” တဲ့၊
ဘယ်လိုမိဘမျိုးက မွေးလာတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်
ကောင်းတဲ့အလုပ်ကို လုပ်မှ လူတော်လူကောင်းဖြစ်တယ်၊
မကောင်းတဲ့အလုပ်ကို လုပ်တဲ့ပုဂ္ဂိုလ်ဟာ လူယုတ်မာပဲ။

ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(စကားလက်ဆောင် တရားလက်ဆောင်မှ)

bwar99.blogspot.com

No comments:

Post a Comment