သက်ရှိကိုပဲ
ချစ်ချစ်၊ သက်မဲ့ကိုပဲ ချစ်ချစ်၊
ချစ်စိတ်
ထင်ရှားပြီဆိုတာနဲ့ တစ်ပြိုက်နက်
ပူလောင်မှုဆိုတာလည်း
ထင်ရှားလာတော့တာပါပဲ။
သတိမရှိလို့
မသိကြရင်သာပါ။
ပူလောင်ရုံနဲ့
ပြီးရောလားဆိုတော့ မပြီးသေးပြန်ပါဘူး။
ကိုယ်ချစ်တဲ့
သက်ရှိ၊ သက်မဲ့ကို ပိုင်ဆိုင်ဖို့အတွက်
ပင်ပန်းဆင်းရဲမှုတွေနဲ့
ရင်းနှီးရပြန်ပါတယ်။
ပိုင်ဆိုင်ခံစားနေရတဲ့အချိန်မှာ
စိတ်ချမ်းသာတယ်လို့
ထင်ရပေမယ့်
ခံစားခွင့်ရတဲ့အချိန်ကလေးက
မပြောပလောက်တဲ့
မဖြစ်စလောက်လေးပါ။
ခံစားခွင့်
ပျက်ပြယ်သွားတဲ့အချိန်၊
ပိုင်ဆိုင်ခွင့်
ဆုံးရှုံးသွားတဲ့အချိန်မှာ ရင်ဆိုင်ရတဲ့
ပူလောင်မှုနဲ့
ပင်ပန်းဆင်းရဲမှုတွေကလည်း
ခံစားရတဲ့ချမ်းသာနဲ့
မကာမိလောက်အောင်
တနင့်တပိုး
ကြီးမားလွန်းလှပါသေးတယ်။
လုံးဝ မချစ်ဘဲ
မနေနိုင်လို့ ချစ်တယ်ပဲထား၊
“ချစ်စရာမှန်သမျှ
သာယာခွင့် နည်းနည်း၊ ပူလောင်ခွင့် များများ”
ဆိုတာကို
နှလုံးသွင်းပြီး အချစ်လျှော့သွားမယ်ဆိုရင်
ဘယ်သက်ရှိ၊
ဘယ်သက်မဲ့ကိုမှ
စွဲစွဲလမ်းလမ်း
ချစ်မိတော့မှာ မဟုတ်ပါဘူး။
ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရီတောရ)
(မချစ်တတ်မမုန်းတတ်တဲ့သူ
စာအုပ်မှ)
bwar99.blogspot.com
No comments:
Post a Comment