အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ပါ
♣♣♣♣♣♣♣♣
♦ လူတိုင်းကို
မေတ္တာတရားနဲ့
ဆက်ဆံပါ။
ကြေးမုံတစ်ချပ်ရဲ့ရှေ့မှာ
ကြည့်ရသလိုပါပဲ။
ကိုယ်က မဲ့ပြရင်
ကြေးမုံပြင်ထဲမှာ
မဲ့ခြင်းကို
တုံ့ပြန်
ရရှိမယ်။
ကိုယ်က ပြုံးပြရင်
ကြေးမုံပြင်ထဲမှာ
အပြုံးကို
တုံ့ပြန်
ရရှိမယ်။
ကိုယ့်ရဲ့
စိတ်ထဲမှာ ဒေါသရှိနေရင်
ကိုယ့်ဖက်က
ဟန်ချက်ပျက်လိမ့်မယ်။
ကိုယ့်ရဲ့
စကားဟာ
လွှဲချော်တိမ်းစောင်းနေရင်တော့
ကိုယ့်ဘက်က
တရားမဲ့ရာကျလိမ့်မယ်။
♦ သူတစ်ပါးရဲ့
အကောင်းတွေကိုသာ
မှတ်တဲ့သူဟာ
လောကကြီးမှာ
လူကောင်းတွေနဲ့ချည်း
ကြုံရပါတယ်။
သူတစ်ပါးရဲ့
အဆိုးတွေချည်းပဲ
မှတ်ယူတဲ့သူကတော့
လောကကြီးမှာ
အဆိုးတွေနဲ့ချည်းပဲ
ကြုံရတတ်ပါတယ်။
စိတ်ဆိုး၊
စိတ်ဆတ်၊ စိတ်ကောက်
လွယ်တဲ့သူဟာ
လူကောင်းသူကောင်း
မိတ်ဆွေကောင်းနဲ့တွေ့ရဖို့
ခက်ပါတယ်။
♦ သူတစ်ပါး
ပြုမိတဲ့ အမှားတွေကို
ခွင့်လွတ်လိုက်ပါ။
မိမိက ပြုမိတဲ့
အမှားရှိရင်
မိမိကိုယ်ကို
မိမိ ဝေဖန် အပြစ်တင်ပါ။
လူတော် လူကောင်းဟာ
အဆိုးရဲ့
ဝေဖန်မှု၊
အဆိုးပြောမှုကို
မကြောက်ပါဘူး။
လူတော် လူကောင်းတွေကလည်း
သူတစ်ပါးကို
ဘယ်တော့မှ
အဆိုးမပြော
တတ်ပါဘူး။
စံရိပ်ငြိမ်ဆရာတော်
(၁၂.၀၇.၂၀၁၃)
bwar99.blogspot.com
No comments:
Post a Comment