အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Saturday, September 15, 2018

ယော ဆရာတော်ကြီး


   ကိုယ့်ဟာကိုယ် အနိုင်ယူရသောပွဲ
♣♣♣♣♣♣♣♣♣♣♣♣♣♣


♦ လောကအောင်ပွဲ မှန်သမျှတွင်
ကိုယ့်ဟာကိုယ် အနိုင်ယူတဲ့
အောင်ပွဲသာ အမြင့်မြတ်ဆုံးပါ။

♦ သူများကို အနိုင်ယူရတဲ့
အောင်ပွဲက
သုဂတိဘဝ ရောက်ဖို့လည်း
မသေချာပါဘူး၊
အပါယ်က လွတ်ဖို့လည်း
မသေချာပါဘူး၊
အပူတွေ ငြိမ်းဖို့လဲ
မလွယ်ပါဘူး၊
မဂ်ဖိုလ်နိဗ္ဗာန်ရောက်ဖို့လည်း
မလွယ်ပါဘူး။

♦ ကိုယ့်ဟာကိုယ် အနိုင်ယူရတဲ့
အောင်ပွဲကသာ
သုဂတိနိဗ္ဗာန်ရောက်ဖို့၊
သေချာပေါက် လမ်းမကြီး၊
သေချာပေါက် စွမ်းအားကြီး။

♦ ကိုယ့်ဟာကိုယ် အနိုင်ယူနိုင်မှ
အပူငြိမ်းကြမယ်၊
ဒုက္ခလွတ်ကြမယ်၊
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊
နိဗ္ဗာန် ရောက်ကြမယ် ….။


တိပိဋကဓရ- ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး

(သြဝါဒပဒေသာ မှ)

bwar99.blogspot.com

No comments:

Post a Comment