အရပ်ဆယ်မျက်နှာ၌

ရှိကြသော

နတ်လူသတ္တဝါ

အားလုံးတို့သည်

ဘေးရန်ရောဂါ

ကင်းစင်ကွာ၍

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Photobucket

Thursday, December 14, 2017

ယော ဆရာတော်ကြီး



   ကုသိုလ်သည် တန်ခိုး
♦♦♦♦♦♦♦♦♦♦♦♦

  ♦ ကုသိုလ်သည် တန်ခိုးပါပဲ၊
လိုတာ အကုန်ပေးနိုင်သော
တန်ခိုးစွမ်းအားပါပဲ။
သို့သော် ကုသိုလ်ဆိုသည်မှာ ….

  ပိုက်ဆံပေးဝယ်လို့ ရနိုင်သော
အရာမျိုးလည်း မဟုတ်ပါ။

   လောကီခေတ်မှီ စက်ကိရိယာ
ယန္တရားတွေနဲ့ထည့်ပြီး ပေးနိုင်သော
အရာမျိုးလည်း မဟုတ်ပါ။

   ဘေးကဝိုင်းပြီး ထည့်ပေးလို့
ဖြစ်နိုင်သော အရာလည်း
မဟုတ်ပါ။

   လာကြ၊ လာကြလို့
လက်ယပ်ခေါ်လို့လည်း လာနိုင်တဲ့
အရာလည်း မဟုတ်ပါ။

   ♦ သဒ္ဓါတရားလို့ ခေါ်ရတဲ့
ကုသိုလ်ဝင်ပေါက်တံခါးကို
ဟင်းလင်းဖွင့်ပေးမှ
စိတ်တန်ခိုးလို့ ခေါ်ရတဲ့
ကိုယ့်ရဲ့ ကောင်းကျိုးအနန္တကို
လိုသမျှ ပေးနိုင်တဲ့
ကောင်းမှုတရားသည်
ဝင်ရာက်လာနိုင်ကြပါတယ် ….။


တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး
(သြဝါဒပဒေသာများ မှ)

bwar99.blogspot.com  

No comments:

Post a Comment