နှစ်သစ်မင်္ဂလာ
ဆုတောင်းဂါထာ
***********************************
***********************************
ယထာ
ဟိ နာနာသုဂန္ဓ-ပုပ္ဖေဟိ ပုပ္ဖိတော သုဘော။
အဘိရူပသုစိတ္တေဟိ၊
ပုပ္ဖါရာမော သုမင်္ဂလော။
တထေ၀ိမမှိ
သကန္တေ၊ သုခိတာ မုဒိတာ ၀ေဿ။
သုမင်္ဂလာ
တဒါ တုမှေ၊ ဟောထ ပုညကရာ သဗ္ဗေ။
အဘိရူပသုစိတ္တေဟိ= အလွန်လှပဆန်းကြယ်ကုန်သော။
နာနာသုဂန္ဓပုပ္ဖေဟိ
= ရနံ့လှိုင်ထုံ ပန်းမျိုးစုံတို့ဖြင့်။
ပုပ္ဖိတော
= ကြွားကြွားဝင့်ဝင့် ကားကားပွင့်၍နေသော။
သုဘော
= တင့်တယ်လှပ ရှုမ၀နိုင်သော။
ပုပ္ဖါရာမော
= ကျေးသံ ငှက်သံ သောသောညံသည့်
ပျော်စံမငြီး ဥယျာဉ်ကြီးသည်။
ပျော်စံမငြီး ဥယျာဉ်ကြီးသည်။
သုမင်္ဂလော
ယထာ = မင်္ဂလာအပေါင်း ခညောင်းဝင့်ထည်
တင့်တယ်သကဲ့သို့။
တင့်တယ်သကဲ့သို့။
တထေဝ
= ပန်းဥယျာဉ်တမူ အလားတူသာလျှင်။
ဣမမှိသင်္ကန္တေ၀ေဿ
= ဤနှစ်သစ်မင်္ဂလာအချိန်အခါ၌။
သဗ္ဗေ
= ချစ်ခင်နှီးရင်း ဆက်ဆံခြင်းဖြင့် မိတ်သင်းဖွဲ့ကြ
တွေ့သမျှအဖုံဖုံ အလုံးစုံကုန်သော။
တွေ့သမျှအဖုံဖုံ အလုံးစုံကုန်သော။
တုမှေ
= တမြေတည်းနေ တရေတည်းသောက် တစ်ယောက်ကိုပုံ
တစ်ယောက်ကိုယုံ၍ အကုန်အပ်နှင်း မိတ်ရင်းဆွေကောင်း
အသင် အဖော်အပေါင်းတို့သည်။
တစ်ယောက်ကိုယုံ၍ အကုန်အပ်နှင်း မိတ်ရင်းဆွေကောင်း
အသင် အဖော်အပေါင်းတို့သည်။
သဒါ
= စက္ကန့်မိနစ် မလစ်မသွေ အမြဲတစေသာလျှင်။
သုခိတာ
= ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြကုန်သည်ဖြစ်၍။
မုဒိတာ
= ရွှင်လန်းဝမ်းမြောက်ကြကုန်သည်ဖြစ်၍။
သုမင်္ဂလာ
= မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍။
ပုညကရာ
= ကောင်းမှုဆယ်လီ ပါရမီကို ကိုယ်စီကြိုးစား
ပွားများစုဆောင်း သူတော်ကောင်းတို့သည်။
ပွားများစုဆောင်း သူတော်ကောင်းတို့သည်။
ဟောထ
= ဖြစ်ကြပါကုန်လော့။
ဟောထ
= ယခုနောက်နှောင်း ကောင်းထက်ကောင်းအောင်
အကြောင်းအခွင့် မလင့်ပုံသေ ဖြစ်ကြပါစေကုန်သတည်း။
အကြောင်းအခွင့် မလင့်ပုံသေ ဖြစ်ကြပါစေကုန်သတည်း။
ဆရာတော်
ဦးပညိဿရ ရေးသားသီကုံးသည်
bwar99.blogspot.com
No comments:
Post a Comment