သမထအကျိုးပေး
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
သမထကုသိုလ်၊
သမထကောင်းမှုဟာ
ဉာဏ်ကောင်းစေပါတယ်။
စိတ်ကြည်လင်စေပါတယ်၊
ဉာဏ်မကောင်းတဲ့သူတွေ
ဉာဏ်ကောင်းစေအောင်
ဘုရားရှိခိုးရပါမယ်။
ပုတီးစိပ်ရပါမယ်။ မေတ္တာပို့ရပါမယ်။
တစ်ခါတစ်လေ
စိတ်ထဲမှာ
နောက်ကျိပြီးတော့
ရှုပ်ထွေးနေတယ်။
စိတ်ညစ်ပြီးတော့
မချမ်းမသာဖြစ်နေတဲ့အချိန်မှာ
စိတ်ချမ်းသာချင်ရင်
သမထပွားရပါမယ်။
စိတ်ညစ်တဲ့အချိန်အခါမှာ
ဘုရားရှိခိုးရင်
စိတ်တွေကြည်လင်သွားပါတယ်။
ဒါမှမဟုတ်ရင်လည်း
စိတ်ညစ်နေတဲ့အချိန်ကျမှသာ
မေတ္တာပို့ပါ။
သတ္တဝါအားလုံးကို
ဘေးရန်ကင်းကြပါစေ၊
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပါစေလို့
မေတ္တာပို့မယ်ဆိုရင်လည်း
စိတ်ကြည်လင်ပါတယ်၊
ငြိမ်းချမ်းပါတယ်။
သမထက
စိတ်ငြိမ်းအေးမှု ချမ်းသာမှုကို ပေးပါတယ်။
ဓမ္မဒူတဆရာတော်
ဒေါက်တာအရှင်ပညိဿရ
(တစ်ဆင့်ထက်တစ်ဆင့်
မြင့်ထက်မြင့် စာအုပ်မှ)
bwar99.blogspot.com

No comments:
Post a Comment