အဆိပ်
♦♦♦♦♦♦♦♦
မိမိသန္တာန်မှာ
ဖြစ်တတ်တဲ့
လောဘ၊ ဒေါသ၊
မောဟ၊
မာန၊ ဣဿာ၊
မစ္ဆရိယ ဆိုတဲ့
အကုသိုလ်အန္တရာယ်တွေကလည်းပဲ
အင်မတန် ကြောက်စရာကောင်းတယ်။
ပြင်ပကလာတဲ့
အဆိပ်ရှိတဲ့
သတ္တဝါကိုက်လို့
သေရရင်
တစ်ဘဝပဲ သေရမယ်။
လောဘဆိုတဲ့
အဆိပ်၊ ဒေါသဆိုတဲ့ အဆိပ်၊
မောဟဆိုတဲ့
အဆိပ်၊ မာန်မာန၊
ဣဿာ၊ မစ္ဆရိယ
စတဲ့
အကုသိုလ်အဆိပ်တွေ
တက်ပြီဆိုရင်
တစ်ဘဝတင်
မကဘူး၊ တစ်သံသရာလုံး
ဒုက္ခရောက်နိုင်တယ်။
ဒေါသအဆိပ်တက်လို့
ဒီဘဝက
အဆုံးသတ်သွားတဲ့
ပုဂ္ဂိုလ်တွေဟာ
ငရဲသွားပြီးတော့
ဒုက္ခခံကြရတယ်။
လောဘအဆိပ်မိလို့
ဒီဘဝကနေ
သေဆုံးသွားတဲ့
ပုဂ္ဂိုလ်တွေဟာ
ယေဘုယျ ဘယ်သွားပြီး
ဒုက္ခခံကြရသလဲဆိုရင်
ပြိတ္တာဘဝ၊
မောဟအဆိပ်တက်
သေရင်
တိရစ္ဆာန်ဘဝရောက်သွားပြီးတော့
ဒုက္ခခံကြရတယ်
….။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(စံတော်ချိန်
သတင်းစာ)
bwar99.blogspot.com
No comments:
Post a Comment